Shwesin Tipitaka The Dhammadhipati Vihara (London) Break-fast+Lunch Monthly Donors

#

အပတ်စဉ် အင်္ဂါနေ့တိုင်း

ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း/ရင်ရင် သား အာသာဝင်းစိုး မိသားစု

#

လစဉ်(၃)ရက်နေ့တိုင်း

ဖခင်ကြီး ဦးသိန်းအောင် နှင့် မိခင်ကြီး ဒေါ်ခင်ပြုံးကြည် တို့အား ရည်စူး၍ ဦးကိုကိုဝင်းမြင့်+ဒေါ်သရဖီအောင် သမီး ရွှေဖီဦး မိသားစု

#

လစဉ်(၂၆)ရက်နေ့တိုင်း

ဖခင်ကြီး ဦးဋ္ဌေးမြင့် အား ရည်စူး၍ ဦးကိုကိုဝင်းမြင့်+ဒေါ် သရဖီအောင် သမီး ရွှေဖီဦး မိသားစု

#

လစဉ်(၂၇)ရက်နေ့တိုင်း

မေမေ Dr ဒေါ်ခင်အေးသီ အားရည်စူး၍ ဖေဖေ Dr ဦးမြအောင် ကို အမှူးထားလျှက် ကိုထက်လှ+မသက်စုံ သားကြီး ကိုဦး၊ သားငယ် ညီညီ၊ သမီးလေး ကေကေ မိသားစု

#

လစဉ်(၂၈)ရက်နေ့တိုင်း

မိခင်ကြီး ဒေါ်မြသိန်း အား ရည်စူး၍ သမီး မမိုးငယ်၊ မြေး သက်ကြည်ဖြူ-နှင့်-စံဝတီမိသားစု

#

လစဉ်(၂)ကြိမ်

ကျေးဇူးရှင် ဒကာတော် ကို Billy အား ရည်စူး၍ မခိုင်ဇာလင်း

 #

လစဉ်(၂)ကြိမ်

ကိုအောင်အောင် + မအာကာဖြူ သား အားသစ် မိသားစု

#

လစဉ်(၁)ကြိမ်

ကိုဆက်မြင့်+မဆွေဇင်ထွန်း သား ဘုန်းမင်းခန့်၊ သမီး ကြည်နှင်းခန့် (S & Z Burmese Foods) မိသားစု

#

လစဉ်(၁)ကြိမ်

ကိုအောင်ကျော်ဇော်+မခင်သန္တာထွန်း သားများ Nathan Zaw & Liam Zaw မိသားစု

#

လစဉ်(၁)ကြိမ်

ကိုနေလင်း+မအေးမွန်ခိုင် သား William မိသားစု

#

လစဉ်(၁)ကြိမ်

ကိုအောင်ကောင်းမြတ်/ကိုအောင်+မပွင့်ဟေမာလွင် သား Ethan Myat မိသားစု

#

လစဉ်(၁)ကြိမ်

မရီရီဋ္ဌေး+ မထွေးထွေး ညီအစ်မ မိသားစု

#

လစဉ်(၁)ကြိမ်

မိခင် ဒေါ်နန်းလောင်ခမ်း အား ရည်စူး၍ သမီး မကေသီထွန်း+မောင်အောင်မျိုးထွန်း မြေး Nicky Lin Tun မိသားစု

#

လစဉ်(၁)ကြိမ်

ကိုအာကာမျိုး+မသရဖီ သား မြတ်ဘုန်းခန့် (Liam)၊ သမီး နှင်းရတနာမျိုးTreasure Myo မိသားစု

#

လစဉ်(၁)ကြိမ်

ကိုစိုးဝင်း+မကေသီနွယ် သားများ Patrick Win & Bryan Win မိသားစု

 

====================================

 

ယူကေနိုင်ငံ လန်ဒန်မြို့တွင် ဓမ္မာဓိပတိ ဝိဟာရ(လန်ဒန်) ဟူသော သာသနာ့မှတ်တိုင်ကြီး မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည်ရှိနေနိုင်ရန်  ၂၀၀၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ဓမ္မာဓိပတိ ဝိဟာရ(လန်ဒန်)အဖွဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နှစ်ဦးပိုင်းအချိန်မှာ ရွှေစင်တိပိဋက ဓမ္မာဓိပတိ ဝိဟာရ(လန်ဒန်)ကျောင်း ဖြစ်မြောက်ရေးအဖွဲ့ တိုးချဲ့ဖွဲ့စည်းကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ကျောင်းဝယ်ယူတည်ထောင်ချိန်တို့မှ စတင်၍ ယနေ့တိုင်အောင် ကျောင်းအတွက် လစဥ် Mortgageအလှူ၊ လစဥ် ဆွမ်းကွမ်းအလှူ စသည်  အဖက်ဖက်မှ ပံ့ပိုး ကူညီလျှက် လှူဒါန်းပေးကြသော ဂေါပကအဖွဲ့ဝင်လူကြီးများနှင့် ကျောင်းအလှူရှင် ဆွမ်းအလှူရှင် ဒါယကာ ဒါယိကာမ အားလုံးတို့ကိုလည်း သူလည်းဝမ်းသာ ကိုယ်လည်ရွှင်ပြုံး ပီတိဖုံးရသော အလှူဖြစ် အထူးပင် ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ ဓမ္မာဓိပတိ ဝိဟာရ(လန်ဒန်)ကျောင်း၏ လုပ်ငန်းစဉ်များကိုလည်း ရည်ရွယ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်ကြပါမည်။

"တစ်စတစ်စ စွန့်ဝံ့မှလျှင် ဘဝနောက်နှောင်း ဆက်တိုင်းကောင်း၏"

#

(သောတာပန်နှင့် အလားတူသော အလှူဒါန (၇)ပါး)

တိသရဏ၊ ငါးသီလ၊ မဲချ စာရေးတန်၊ဆယ့်ငါးရက်ဆွမ်း၊ ဝါသင်္ကန်း၊ လှူဒါန်းသောက်ရေကန်၊ ကျောင်းလှူတဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်၊ သောတာလိုပဲ၊ ဂတိမြဲ၊ သူလဲ ပယ်မပြန်။

#

ဤသည့်လှူဒါန်း ကုသိုလ်စွမ်းကြောင့် စည်းစိမ်တန်ခိုး ထပ်ဆင့်တိုးကာ မြတ်နိဗ္ဗာကို မှန်စွာမုချ ရောက်ကြပါစေ တောင်းဆုချွေ၏။

#

ကိုယ့်ကုသိုလ်က ကိုယ့်ဘ၀ မုချမြင့်အောင် မြှင့်လိမ့်မည်။

#

ဆွမ်းလှူကောင်းမှု၊ အကြောင်းပြု၊ တောင်းဆုလိုတာရပါစေ။

ဘယ်ကိုရောက်ရောက်၊ အပူပျောက်၊ အံ့လောက်ချမ်းသာရပါစေ။

ဖြစ်လေရာရာ၊ ဘဝမှာ၊ ချောတာလှတာဖြစ်ပါစေ။

လိုတာရှိလဲ၊ မကြာပဲ၊ မလွဲရပါစေ။

တောင်ကြီးပမာ၊ မြတ်ဥစ္စာ၊ မှန်စွာတိုးပါစေ။

တရားတော်မြတ်၊ အအေးဓာတ်၊ မုချရပါစေ။

#

ဤကမ္ဘာလောက၌ ဗုဒ္ဓမြတ်စွာသည် အမြတ်ဆုံး ရတနာ ဖြစ်ပါပေ၏။

မဂ်ဖိုလ်နိဗ္ဗာန်တရားသည် အမြတ်ဆုံး ရတနာ ဖြစ်ပါပေ၏။

တရားထူးရပြီးသော အရိယာသံဃာတော်သည် အမြတ်ဆုံး ရတနာ ဖြစ်ပါပေ၏။

ဤစကားသည် မှန်ကန်သော သစ္စာစကား ဖြစ်ပါပေ၏။

ဤမှန်ကန်သော သစ္စာစကားကြောင့် ငါတို့အား နှောက်ယှက်တတ်သော အဖျက်အန္တရာယ် အသက်အန္တရာယ် လုံးဝကင်းပါစေသတည်း။

အားလုံးကျန်းမာချမ်းသာ အစစအရာရာ အဆင်ပြေအေးမြ ကြီးပွါးတိုးတက် အောင်မြင်ကြပါစေသတည်း။

#

ဤကုသိုလ်ကြောင့် အလှူရှင် နှင့်တကွ မိသားစုအားလုံး

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊

ဘေးအတန်တန် ရန်အသွယ်သွယ်

အန္တရာယ်ခပ်သိမ်း ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊

ကောင်းကျိုးချမ်းသာ မင်္ဂလာသုခ စည်းပွါးဥစ္စာတွေ

တနေ့တခြား တိုးတက်ကြီးပွါးကြပါစေ၊

မကောင်းသောဘေး မကောင်းသောဒဏ် မကောင်းသောရန် မကောင်းသောဂြိုဟ်စီးဂြိုဟ်နင်း မကောင်းသောအတိတ်နိမိတ် အနှောက်အယှက် အတားအစီး အတိုက်အခိုက်ဟူသမျှ ကင်းပျောက်ကြပါစေ၊

သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းနှင့်တကွ သာသနာတော်စောင့် နတ်မင်းကြီးတို့ရဲ့ အကူအညီ

အထောက်အပံ့ အဆောင့်အရှောက်ကို ရရှိခံစားနိုင်ကြပါစေ၊

ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကြောင့် ၉၆ ဖြာ ၉၈ ဖြာ ကမ္ဘာ့ကပ်ရောဂါ အနာရောဂါများ ကင်းရှင်းကြပါစေ၊

အပူခပ်သိမ်း ကင်းငြိမ်းကြပါစေ၊

ကျန်းမာရေး အထူးကောင်းမွန်ကြပြီး မိမိတို့၏ ပညာရေး စီးပွါးရေး လူမှုရေး ဘာသာရေး သာသနာရေး ကုသိုလ်ရေး အရေးကိစ္စအားလုံး လွယ်ကူချောမွေ့စွာ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြပါစေ၊

ပျော်ရွှင်ချမ်းမြေ့ပြီး ကောင်းသောလိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။

#

ကုသိုလ်ရှင်များသည်

*ရက်စက်လိုသူများနှင့် ဝေး၍ အကြင်နာ သနားမှုများ ရင်မှာထားလို့ မေတ္တာတွေ မျှဝေသူသာ တွေ့ကြပါစေ။

*မုန်းတီးလိုသူများနှင့် ကင်းဝေးပြီး ချစ်ခြင်းတရား နဲ့ စည်းမခြားသူများသာ ကြုံတွေ့ကြပါစေ။

*အရာရာကို ပိုင်ဆိုင်လိုသူမဟုတ် အကူအညီလိုသူတွေ အတွက် စေတနာထား၍ ကယ်လက်တစ်စုံ ဖြစ်ကြပါစေ။

*ကိုယ့်အလိုမကျတိုင်း မုန်းတတ်လွန်းတဲ့ လောကကြီးထဲမှာ ကိုယ်ချင်းစာတရားနဲ့ မေတ္တာထားနိုင်သူတွေနဲ့ ဆုံကြပါစေ။

*မနာလိုမှုတွေ အားကြီးလွန်းတဲ့ လောကကြီးထဲမှာ မုဒိတာပွားပေးနိုင်သော သူများနှင့်တွေ့ကြပါစေ။

*တငါငါနဲ့ မာနတွေနဲ့ ထောင်လွှားမှုတွေ များလွန်းတဲ့  လောကကြီးထဲမှာ မာန်မာန နှိမ်ချသူများနှင့် ဆုံကြပါစေ။

*ကောက်ကျစ် လှည့်ပတ်မှုတွေများလွန်းတဲ့ လောကကြီးထဲမှာ အရိုးရှင်းဆုံး စိတ်ထားဖြူစင်သူနဲ့ တွေ့ကြပါစေ။

*ယနေ့မှသည် နှစ်တရာတိုင် သက်ရှည်ကျန်းမာ စိတ်ချမ်သာ၍ တရားမွေ့လျော် ပျော်နိုင်ကြပါစေ။